Manu

Tuesday, October 28, 2014

ကျတော့မင်္ဂလာဆောင်

ကျတော်မင်္ဂလာဆောင်ဖို့အတွက် အလုပ်တွေရှုပ်နေတယ်
အရမ်းပဲ အလုပ်ရှုပ်တာ
အတွေးထဲမှာပေါ့
မင်္ဂလာဆောင်ဖို့ဘာကစလုပ်ရမလဲ.....“  အဲ..သိပြီ...”ဆိုပြီးးး ချစ်သူနှင့်နှစ်ယောက်သားတိုင်ပင်ကြတယ်ပေါ့
***ဒါနဲ့ ဘယ်ကတည်းကစပ်စုထားသလဲ မသိတဲ့ ချစ်သူပါးစပ်ဖျားက အစီစဉ်တွေ........ဟဲဟဲ မိန်းကလေးတွေက ဒါမျိုးတော့တော်သားဗျာ....
အစဆုံးခန်းမငှားတယ်ပေါ့ လေးလလောက်ကြိုပြီး booking လုပ်ထားလိုက်တယ်၊ ဒုတိယ ၀တ်စုံတွေအပ်/ချုပ်ပြီလေ သူကကြာမှာကိုးဗျ........သူ့စိတ်ကြိုက်မန်းလေးမှာ သွားချုပ်တယ်...ကျတော်ကတော့ Site ထဲမှာ သိကြတဲ့အတိုင်း မအားတော့လိုက်နိုင်ဘူး Lady First ဆိုသလိုပဲလေ.....နှစ်လလောက်ကြာတော့ဖိတ်စာကရိုက်ချင်လာပြီ၊ သီတင်းကျွတ်အနံ့လေးရတာနဲ့သွားရိုက်တာပေါ့ တချို့ဆိုင်က ဒီဇိုင်းတောင်မထွက်သေးဘူးဆိုပဲ နောက်ဆုံးတော့ လမ်း ၃၀ က ဖိတ်စာဒီဇိုင်းလုပ်တဲ့ဆိုင်မှာ ပထမဆုံး မင်္ဂလာဖိတ်စာcustomer ဖြစ်ခဲ့တော့တာပဲ..........
***မင်္ဂလာဆောင်က ပျဉ်းမနားမှာဆိုတော့အဲဒီက မိတ်ကပ်ပြင်တဲ့ကိုဇင်နှင့်လဲတော်တော်များများလုပ်ခဲ့ရသေးတယ်(ဗီဒီယို>>ဘိသိတ်>>မင်္ဂလာကား>>အခမ်းအနား>>Stereo>>ပန်းကုံး.......<<<အဲဒါတွေ အဲဒါတွေ>>>)
မင်္ဂလာမဆောင်ခင်တစ်ရက်မှာ တရားရုံးမှာလက်မှတ်ထိုးခဲ့ပါတယ်၊ တရားသူကြီးကမေးသေးတယ် “လူပျိုလူလွတ်တွေရော ဟုတ်ရဲ့လားတဲ့”  ခက်ပီလို့..............ကျတော်လဲပြန်ပြောလိုက်တာပေါ့
[“မနက်ဖြန်ဆို မိန်းမရတော့မှာဗျ” လို့]..<<<စိတ်ထဲက စိတ်ထဲက.....
***မနက်ဖြန်မင်္ဂလာဆောင်ဆို ဒီနေ့ညမှာ အိပ်မရဘူးဗျာ စိတ်လှုပ်ရှားနေလို့ {တမျိုးတော့မထင်ပါနှင့် အဆင်မပြေဖြစ်မှာစိုးလို့ ပြီးတော့အစောကြီးထရမှာ မလို့လေ>>>}
Dလိုနဲ့ ၁၆.၁၀.၂၀၁၄ ကြာသပတေးနေ့မှာ မင်္ဂလာပွဲကြီးအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်......
ဒီတော့ ကျတော့ရဲ့မစွံသေးတဲ့ဘော်ဘော်တွေလဲ အချိန်အခါမလင့်စေချင်လို့ ချစ်တဲ့သူနှင့်အမြန်ဆုံးပေါင်းဖက်နိုင်ကြပါစေ........................

{မှတ်ချက်။      ။မင်္ဂလာဆောင်သောနေ့ 3:30AM မှ11:30AMထိ ဘာမှမစားရ....
                      သူများဆီက ဓါတ်ပုံပြန်တောင်းရ.......)
အခမ်းအနားအပြင်အဆင်
ချစ်ချစ်
မင်္ဂလာဆောင် ခန်းမရှေ့

No comments:

Post a Comment